လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်း ကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်ကို တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ
(ဗန်းမော်တင်အောင်)
လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်း ကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်ကို တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ
(ဗန်းမော်တင်အောင်)

Window, Mac နဲ့ Linux OS တွေပေါ်မှာ အသုံးပြုနိုင်မယ့် Firefox 4 Beta 1 ကို ဒေါင်းလုပ်ရယူအသုံးပြုနိုင်ပြီ ဖြစ်ကြောင်း Mozilla က July လအစောပိုင်းက ကြေငြာခဲ့ပါတယ်။ ဒီမျိုးဆက်သစ် Browser ရဲ့ Final Version ကိုတော့ လာမည့် လအနည်းငယ်အတွင်းမှာ ထွက်ပေါ်လာမယ်လို့ ဆိုထားပါတယ်။
Firefox 4 Beta 1 ဟာ လက်ရှိ Firefox 3 ထက် ပိုမိုလျင်မြန်ပြီး စိတ်လှုပ်ရှားဖွယ်ရာ လှပတဲ့အသွင်အပြင်တစ်ခု အနေနဲ့လည်း တွေ့ရမှာဖြစ်ပါတယ်။ Firefox 4 ကို download ချပြီး သုံးစွဲကြည့်တဲ့အခါ အသစ်အသစ်သော Feature များအပြင် တခြား browserတွေနဲ့ ကွာခြားမှုကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
Firefox 4 ရဲ့အသွင်အပြင်ဟာ Opera နဲ့ Chrome Browser တွေအပေါ်မှာ အခြေခံပြီး အရင်versionတွေနဲ့ မတူ ကွဲပြားခြားနားလာတာကို တွေ့ရပါတယ်။ Window User များအတွက် Chrome ကဲ့သို့ Tab မျာကို ထိပ်ပိုင်းအတွင် default အဖြစ်ပြုလုပ်ထားပေးခြင်းကြောင့် အမြင်ဆန်းသစ်စေမည်ဖြစ်ပြီး Button နဲ့ Menu အချို့ကတော့ Opera 10.6 နဲ့ ဆင်တူတဲ့ပုံစံပြုလုပ်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် Menu bar ကို အစမှာမပေါ်အောင်လုပ်ထားပေမယ့် Firefox 3.6 မှာလို အရင်ပုံစံကိုလည်း ပြန်လည်ရယူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Firefox 4 Beta 1 မှာ Search Bar ရဲ့နောက်၌ နောက်ထပ် Bookmark Button အသစ်တစ်ခုပါလာပြီး ကိုယ့်ရဲ့ bookmark တွေဆီကို ကလစ်တစ်ခုတည်းနဲ့ အလွယ်တကူရယူအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

Firefox 4 မှာ နောက်ထပ်တိုးချဲ့ထည့်သွင်းထားတာကတော့ Add-on Manager အသစ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောမှာတော့ interface ပိုင်းကို လုပ်ဆောင်နေဆဲဖြစ်နေတာမို့ Add-on တွေကိုထည့်သွင်း အသုံးပြုလို့မရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါဟာ Final Version မှာသေချာပေါက်ပြီးစီးမယ်လို့ Mozilla ကဆိုထားပါတယ်။
ပိုမိုနှစ်လိုဖွယ်ကောင်းတဲ့ Feature လေးတစ်ခုပါပဲ။ Tabs တွေအများကြီးဖွင့်ထားပြီး တစ်ခုပြီးတစ်ခုလှည့်လည်သွားရောက်ကြည့်ရှုချင်တယ်ဆိုရင် လွယ်ကူမှာဖြစ်ပါတယ်။ Tab အသစ်တစ်ခုဖွင့်လိုက်ပါ။ URL ဒါမှမဟုတ် (page title) ၀က်ဘ်စာမျက်နှာရဲ့ခေါင်းစဉ်ကို စတင်ရိုက်ကြည့်တယ်ဆိုရင်ပဲ ဖွင့်ထားတဲ့ Tab တွေဆီကို အလွယ်တကူသွားနိုင်မှာဖြစ်ပါတယ်။
Firefox 4 ဟာ Windows 7 မှာပါတဲ့ Tab တွေကိုကြည့်ရှူခြင်းနဲ့ ကူးပြောင်းသွားခြင်းကို အခြေပြုလုပ်ဆောင်ထားပါသေးတယ်။ Tab preview ကိုသုံးပြီး ဖွင့်ထားတဲ့ tab အားလုံးကို လွယ်ကူစွာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါပြင် လျင်မြန်စွာပဲ တစ်ခုမှ တစ်ခုသို့ကူးပြောင်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Firefox 4 ဟာ HTML5 WebM video တွေကို အထောက်အပံ့လုပ်ပေးနိုင်မှာလည်းဖြစ်ပါတယ်။ စမ်းသပ်မှုတွေထဲမှာတော့ HTML5 ဗွီဒီယိုတွေဟာ Firefox 4 မှာ ကောင်းမွန်စွာအလုပ်လုပ်နိုင်တာကို နှစ်လိုဖွယ်တွေ့မြင်ရဦးမှာပါ။
Firefox 4 ဟာ ယခင် version 3.6 ထက် ပိုမိုပေါ့ပါးပြီး မြန်ဆန်တာကိုတွေ့ရပါတယ်။ ဒါဟာ အရင် version ထက် Memory သုံးစွဲမှု လျော့နည်းသွားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Firefox 4 ဟာအမြန်ဆုံး browser မဟုတ်သေးပါဘူး။ တိုင်းတာမှုတွေမှာတော့ အမြန်နှုန်းဟာ Chrome နဲ့ Opera ရဲ့နောက်မှာပဲ ရှိပါသေးတယ်။
Firefox 4 မှာ Flash, QuickTime နဲ့ အခြား plugins ကြောင့်ဖြစ်လာတဲ့ (Crash protection) ရုတ်တရက်ပိတ်သွားခြင်း ကိုကာကွယ်ပေးမှုလည်း ပါလာပါတယ်။ဒါကလည်း 3.6 မှာကတည်းက ထည့်သွင်းခဲ့ပြီးသားပါ။ Browser ရဲ့ ဘယ်ဘက်ထိပ်မှာ Drop down Menu တစ်ခုဖြစ်တဲ့ လိမ္မော်ရောင် Firefox ခလုတ်လေးပါဝင်လာပြီး CSS3 Canvas,CSS transitions လိုမျိုး CSS 3နဲ့ပက်သတ်ပြီးပြောင်းလဲမှုအမျိုးမျိုး နဲ့ Web Sockets ကဲ့သို့သော ၀က်ဘ်စံသတ်မှတ်ချက်များအတွက် အထောက်အပံ့များ လည်းပါဝင်လာမှာဖြစ်ပါတယ်။ Morzilla ရဲ့ အမြဲတမ်း Privacy သည် ပထမပါဆိုသည့်အတိုင်း Privacy ပိုင်းဆိုင်ရာ တိုးတက်မှုတွေလည်း ပါဝင်လာပါတယ်။
ခင်ဗျားမှာ Firefox 4 Beta 1 မရှိသေးဘူး ဆိုရင်တော့ အခုပဲ ဒီနေရာမှာ ဒေါင်းလုပ်ချပြီး ရယူသုံးစွဲကြည့်နိုင်ပါတယ်။ Firefox 4 နဲ့ပတ်သက်ပြီး Feature တွေကိုကြည့်ချင်တယ် ဆိုရင်တော့ Mozilla ရဲ့ဘလော့မှာ သွားရောက်လည်ပတ်ရင်း ဖတ်ရှုနိုင်ပါတယ်။ Web developer တွေအနေနဲ့ Feature တွေကို အပြည့်အစုံသိချင်တယ်ဆိုရင်တော့ Firefox 4 for developers မှာသွားရောက်လေ့လာနိုင်ပါတယ်။
အသိဥာဏ်ပညာဖြင့် အောင်မြင်သောဘ၀များကို လျှောက်လှမ်းနိုင်ကြပါစေ..
ဆောင်းချမ်းမိုး
ဒီဇိုင်းနဲ့ပတ်သက်လာရင် ရောထွေးလွန်းတတ်တဲ့ Web Design နဲ့ Graphic Design အကြောင်းကို အနည်းငယ်ရှင်းပြချင်ပါတယ်။ အလွယ်ဆုံးနားလည်ထားကြတာကတော့ Graphic Design ဆိုတာ Printing ပိုင်းက ပိုစတာတွေ၊ လက်ကမ်းကြော်ငြာတွေ၊ ဆိုင်းဘုတ်တွေ၊ သတင်းစာ၊မဂဇင်း Layout ဒီဇိုင်းတွေ၊ လိပ်စာကဒ်၊ လိုဂိုတွေ၊ Package တွေကို ဒီဇိုင်းလုပ်ပေးတဲ့အပိုင်းလို့ အလွယ်တကူနားလည်ထားကြပါတယ်။ Web Design ဆိုတာကတော့ Web Site တွေကို တည်ဆောက်တဲ့နေရာမှာ Site တစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းတွေကိုဖြစ်စေ ဒီဇိုင်းလုပ်ပေးရတဲ့ အပိုင်းပေါ့။
တကယ်တော့ ဒီဇိုင်းပညာရပ်နှစ်ခုစလုံးဟာ ကျယ်ပြန့်နက်နဲလှသလို စိတ်ကူးစိတ်သန်း၊ တင်ပြမှု၊ အသွေးအရောင်၊ အသွင်အပြင် Read More
နည်းပညာအရအားလုံးဖြစ်နိုင်တယ် ဆိုတဲ့ ထူးမြင့်နောင်နှင့်တွေ့ဆုံခြင်း (သရဖူမဂ္ဂဇင်း)
ကြီးပွားချမ်းသာရေး ကိုယ်ကျင့်နဲ့ အိုင်စီတီ တိုးတက်မှုကို သတိပြု (ရွှေအမြုတေမဂ္ဂဇင်း)
(Dec-09)တိုးတိုးဖော် (ရွှေအမြုတေမဂ္ဂဇင်း)
စာမရေးမီ - ၀င်းငြိမ်း (ရွှေအမြုတေမဂ္ဂဇင်း)
Read More
ကျနော်ငယ်ငယ်က ဖေဖေရဲ့ စာအုပ်စင်ပေါ်မှာ တွေ့ခဲ့ပြီး ဒီစာအုပ်လေးထဲက ပုံပြင်လေးတွေကို ဖတ်ခဲ့ပါတယ်။ စာရေးဆရာက ဘာတွေပြောထားသလဲဆိုတာ နားမလည်သေးပါဘူး။ ကျနော်အထက်တန်းကျောင်းသားဘ၀ အပျင်းပြေဖတ်စရာမရှိတော့ ဒီစာအုပ်လေးကိုကြည့်မိပါတယ် . . . နန္ဒာသိန်းဇံ “ ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း” တဲ့ ။ ဖတ်ကြည့်တော့ နားလည်ပေမယ့် ကောင်းကောင်းသဘောမပေါက်သေးပါဘူး။ နောက်ပိုင်းမှာတော့ လူငယ်ဘ၀ တက္ကသိုလ်ကျောင်းသားဘ၀ကစပြီး အခုအချိန်ထိ ကျနော့်ဘေးနားမှာ အမြဲ ရှိနေတဲ့ စာအုပ်တစ်အုပ်ဖြစ်လာခဲ့ပါတယ်။
Read More
Hunter Oldridge vahtang: á
nuwar: သိပ်ကောင်းတဲ့...အင်အားကိုဖြစ်စေတဲ့.ကဗျာလေးတစ်ပုဒ်ပါပဲ....သူငယ်ချင်းရေ..:)
မောင်ထင်: မောင်သက်ရေ ငါလည်း မင်းကို အရမ်းသတိရပါတယ်၊ မင်းတို့က အတွေ့အကြုံပိုင်းအရ မျက်စိပွင့်၊ နားပွင့်ပေါ့၊ ဒီမှာကတော့ လေ့လာချင်ပေမယ့် အဓိကကတော့ connection က ...
Mg Kyi: ကျွန်တော်လည်းကြိုက်တယ် ။ အမြဲဆောင်ထားတယ် :) ( ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း )
ှSi Thu Lwin (UCSM): သားကြီး...ခံယူချက်နဲ့ ရေးသားချက်လေး ကောင်းတယ်။ နိုင်ငံရဲ့ ဖြစ်နေတဲ့ အခြေအနေပေါ်မူတည်ပြီး ရေးထားတာ ပိုကောင်းတယ်။