၂၀၀၉ မြန်မာသင်္ကြန် (စင်္ကာပူ)
(၁)
ဒီနေ့မနက် မိုးလေးကလဲ အေးနေတော့ မိုးတအားသည်းမှာကို စိုးရိမ်မိတယ်။
အစကတော့ ကျွန်တော်လည်း မနက်ပိုင်းကို sembawang ဘုန်းကြီးကျောင်းကိုသွားမယ်လို့ စိတ်ကူးခဲ့တာ။ သူငယ်ချင်းတွေက လှမ်းပြီးဖုန်းဆက်ခေါ်တာနဲ့ Topayoh ဘုန်းကြီးကျောင်းကိုပဲ သွားခဲ့တယ်။ မိုးလေးက တဖွဲဖွဲလေးကျနေတဲ့အကြား ဘုန်းကြီးကျောင်းကိုသွားရာ လမ်းတလျှောက် လူတွေကများလိုက်တာ. . ။ ပျော်စရာကြီးပေါ့ . .
ဘုန်းကြီးကျောင်းမှာ ကျွေးမွေးကြတဲ့ အဖွဲ့တွေကလည်း အများကြီး။ ရခိုင်မဏ္ဍာပ်၊ မွန်အဖွဲ့၊ ပြည်လူငယ်များမဏ္ဍာပ် . . ။ လာတဲ့လူတွေကလည်း ကျိတ်ကျိတ်တိုး။ စားချင်သလောက်စား .. အားရပါးရစား .. ကျွေးမွေးလှူဒါန်းလိုက်ကြတာ မနည်းပါ။ ကျွန်တော်တို့တော့ ပြည်မဏ္ဍာပ်က မုန့်ဟင်းခါးစား၊ ရေပက်ပြီး ပြန်လာခဲ့ကြတယ်။
(၂)
အဲဒီကနေ City Hall ကိုသွားပြီး စတိတ်ရှိုးကြည့်ကြတယ်။ မြန်မာပြည်အလွမ်းပြေပေါ့ဗျာ … စတိတ်ရှိုးက နေ့လည် ၁၂နာရီမှာ စတယ်။ ကျွန်တော်တို့ရောက်သွားတော့ ဦးရွှေရိုးနဲ့ဒေါ်မိုး ဒိုးပတ်အဖွဲ့ ကနေကြပြီ။ နောက် မြန်မာမိန်းကလေးတွေရဲ့ယိမ်းအဖွဲ့၊ ဗီယက်နမ်မိန်းမပျိုလေးတွေရဲ့ သင်္ကြန်ယိမ်းအက(သူတို့ကလဲ ကချင်လို့လို့ပြောတာပဲ၊ မသိရင်တော့ မြန်မာမိန်းကလေးတွေလို့ထင်ရမယ်၊ တော်တော်ကတတ်တာပဲ)။ မြန်မာမိန်းမပျိုလေးတွေရဲ့ မလေးလက်ခတ်သံသီချင်းနဲ့အကကတော့ မြန်မာပြည်ကို တအားသတိရသွားစေခဲ့ပါတယ်။
နောက် .. ဦးဇော်ဝမ်းကြီးရဲ့ သင်္ကြန်မိုးသီချင်း(ကျနော်မနက်ဖြန်မှာ မန္တလေး မြို့တော်ဝန်မဏာပ်မှာ ဖွင့်ပွဲသွားဆိုရမှာပါဆိုပြီး ပြောတော့လေ မန်းလေးကိုလွမ်းလိုက်တာ)။ ဦးဇော်ဝမ်းကြီးပြီးတော့ ရှင်ဖုန်း၊ နောက် .. ဆောင်းဦးလှိုင်နဲ့ စည်သူလွင် .. သူတို့ရဲ့သီချင်းအေးအေးလေးတွေနဲ့ ဖျော်ဖြေကြတော့ အာလုံးလိုက်ဆိုပြီး အားပေးကြတယ်။ မြန်မာဟေ့..မြန်မာဟေ့..ဆိုတဲ့ အသံတွေကလည်း ညံလို့ပေါ့။ ကိုဆောင်းဦးရဲ့ နေသာလေလာတဲ့ တစ်နေ့ကိုတော့ အားလုံးပဲမျှော်လင့်လျက်ပါ။
စတိတ်ရှိုးကွင်းထဲမှာလည်း ရေပက်ဖို့ ရေကန်လေးတွေနဲ့ ရေဖြည့်ပေးထားပါတယ်။ ၁၅မိနစ်လောက် ရေပက်ချိန်နားပြီးတော့ ဟစ်ဟော့အဆိုတော် ရဲလေးဆိုတယ်။ သူ့ကိုလဲ အားပေးကြတယ်။ သူလဲ မနားတမ်း Non-Stop ဆိုသွားတယ်။ ကျွန်တော်ကတော့ မမှတ်မိဘူး။ ဘာတဲ့ .. ဟစ်ဟော့ကို ကြိုက်တယ်ဆိုရင်အကိုကြီးတွေလဲ ထခုန် ဆိုတော့ ..ခုန်လိုက်တာပေါ့။
စတိတ်ရှိုးကျင်းပတဲ့ ကွင်းထဲမှာ မုန့်ဆိုင်တွေလဲရောင်းနေတယ် . . . Topayoh ဘုန်းကြီးကျောင်းမှာတုန်းက အလှူဒါနအနေနဲ့ မုန့်တွေကျွေးကြတာ အပြိုင်အဆိုင်၊ ဒီမှာကတော့ ၀ယ်စားကြရတယ်။
ကျနော့်နာမည် ဘယ်သူဘယ်ဝါ၊ ဘယ်နားမှာနေပါတယ်ဆိုပြီး စင်ပေါ်တက်လာသူက မျိုးကျော့မြိုင်။ အောက်ကပရိတ်သတ်ကလဲ ကလိုက်ကြတာကွေးလို့ . .
ဒါပေမယ့် ပရိတ်သတ်က တောင်းဆိုနေတာက တစ်ယောက်။ သူက မဆိုသေးဘူး။ နောက်ဆုံးတော့ သူတက်လာတယ်။ သူကတော့ ဖြူဖြူကျော်သိန်း၊ သူလဲတော်တော်များများ ဆိုသွားတယ်။ မျက်နှာဖုံးစွပ်ကြီးနဲ့ တညောင်ညောင်လုပ်ပြီး ပရိတ်သတ်ကို စွဲအောင်ပြုစားခဲ့သလား . . ပရိတ်သတ်ကလဲ အောက်က လိုက်ဆိုကြ . . သူကလဲ တစ်ပုဒ်ပြီးတစ်ပုဒ်ဆိုနဲ့ ခြောက်နာရီထိုးမှာ ပွဲပြီးသွားခဲ့တယ်။
(၃)
အိမ်ကိုပြန်တော့ ခုနှစ်နာရီထိုးပါပြီ။ MRT ပေါ်မှာ ကျနော့်ကို လူတွေက ကြည့်ကြည့်သွားကြတယ်။ မိုးမရွာပါပဲ တစ်ကိုယ်လုံး စိုရွှဲနေတာကိုး။ ကျနော်ကတော့ ခေါင်းကိုမော့လို့ ခပ်တည်တည်ပါပဲ . . သီချင်းလေးတစ်ပိုင်းတစ်စတောင် ညည်းမိတယ်။
ငါတော့ မေ့လို့မရနိုင်ဘူး . . . ချစ်ဆုံးရေ . . .
ငါတော့ မေ့လို့မရနိုင်ဘူး . . . ချစ်ဆုံးရေ . . . ။
(၄)
ကျွန်တော်တို့ သင်္ကြန်ကတော့ ဒီလိုပဲ ပြီးသွားခဲ့ပါတယ်။
မြန်မာပြည်မှာတော့ မနက်ဖြန် သင်္ကြန်အကြိုနေ့။ လွမ်းလိုက်တာ . . . ။
ငါတော့ မေ့လို့မရနိုင်ဘူး။
ဆောင်းချမ်းမိုး


Hunter Oldridge vahtang: á
nuwar: သိပ်ကောင်းတဲ့...အင်အားကိုဖြစ်စေတဲ့.ကဗျာလေးတစ်ပုဒ်ပါပဲ....သူငယ်ချင်းရေ..:)
မောင်ထင်: မောင်သက်ရေ ငါလည်း မင်းကို အရမ်းသတိရပါတယ်၊ မင်းတို့က အတွေ့အကြုံပိုင်းအရ မျက်စိပွင့်၊ နားပွင့်ပေါ့၊ ဒီမှာကတော့ လေ့လာချင်ပေမယ့် အဓိကကတော့ connection က ...
Mg Kyi: ကျွန်တော်လည်းကြိုက်တယ် ။ အမြဲဆောင်ထားတယ် :) ( ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း )
ှSi Thu Lwin (UCSM): သားကြီး...ခံယူချက်နဲ့ ရေးသားချက်လေး ကောင်းတယ်။ နိုင်ငံရဲ့ ဖြစ်နေတဲ့ အခြေအနေပေါ်မူတည်ပြီး ရေးထားတာ ပိုကောင်းတယ်။