Buddypress မိတ်ဆက်
Social networking in a box. Build a social network for your company, school, sports team or niche community all based on the power and flexibility of WordPress.
Buddypress အကြောင်း
wordpress ရဲ့ plug-in တစ်ခုဖြစ်တဲ့ buddypress က social networking ၀က်ဘ်ဆိုက်တွေ တည်ဆောက်တဲ့နေရာမှာ နာမည်ကြီးလှတဲ့ plug-in တစ်ခုဖြစ်ပါတယ်။ wordpress နဲ့တည်ဆောက်ထားတဲ့ ၀က်ဘ်ဆိုက်တွေထဲမှာ buddypress plug-in ကို install လုပ်ပြီးတာနဲ့ social networking website တစ်ခုကို တည်ဆောက်ရယူနိုင်ပါတယ်။ ဒီအပြင် buddypress ရဲ့မူလ website ဖြစ်တဲ့ buddypress.org ကနေပြီး ထပ်ပေါင်း Plug-in တွေနဲ့ ပိုကောင်းတဲ့ social website တစ်ခုကို ရယူနိုင်ပါတယ်။
member တွေအတွက် အမျိုးမျိုးသော group တွေကို adminတွေက တည်ဆောက်ပေးပြီး နှစ်သက်ရာ group တွေကို member တွေကိုယ်တိုင် ပါဝင် (join) နိုင်ပါတယ်။ အဲဒီ group တွေကနေလည်း အလွယ်တကူ ပြန်လည် နှုတ်ထွက်နိုင်ပါတယ်။ group အသီးသီးမှာ ပါဝင်တဲ့ member တွေဟာ group forum တွေမှာလည်း ပါဝင်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ Facebook ရဲ Wall ပုံစံ Activity ဆိုတာလည်းပါတဲ့အတွက် ကိုယ့်ရဲ့ topic တွေကို site အတွင်းမှာ တင်ပြဖလှယ်သွားနိုင်ပါတယ်။ member တွေအချင်းချင်း Friend တွေအဖြစ် ဆက်သွယ်နိုင်ခြင်း၊ message တွေ အပြန်အလှန်ပေးပို့ ရယူနိုင်ခြင်း စတဲ့ Social Networking Website တွေရဲ့ အင်္ဂါရပ်တွေ ပါဝင်မှာဖြစ်ပါတယ်။ Author တွေ Contributor တွေအဖြစ် အဆင့်တိုးမြှင့်ပေးထားတဲ့ member တွေကတော့ Blog Page မှာ ပို့စ်တွေကို ရေးသားသွားနိုင်မှာဖြစ်ပြီး WordPress MU ဆိုက်တွေမှာ buddypress ကို ထည့်သွင်းခဲ့ရင်တော့ Member တွေကို ကိုယ်ပိုင်ဘလော့တစ်ခုစီ ဖန်တီးပေးနိုင်ပါလိမ့်မယ်။
Buddypress Themes
Web Designer တွေ၊ Web Developer တွေ အတွက် wordpress themes တွေနဲ့ buddypress themes တွေက မတူပါဘူး။ buddypress compatible theme တွေကို သပ်သပ်ပြန်ရေးရပါတယ်။ ဒါပေမယ့် wordpress theme ရေးတတ်သူတစ်ယောက်အတွက်တော့ buddypress theme ဟာ မခက်လှပါဘူး။ တစ်လောက ning ကနေပြီး social network site တွေပြောင်းကြမယ်ဆိုတော့ buddypress ကိုပြောင်းကြရွှေ့ကြတာတွေ တွေ့ခဲ့ရပါတယ်။ buddypress က opensource (အခမဲ့) ဖြစ်ပြီး သုံးစွဲရတာလဲ လွယ်ကူပါတယ်။ wordpress hosting တစ်ခုပေါ်မှာပဲ တည်ဆောက်နိုင်တဲ့အတွက် သီးသန့် hosting ရွေးချယ်မှုမရှိပါဘူး။ ကျနော့်အနေနဲ့ကတော့ Buddypress default theme ပေါ်မှာ အခြေခံပြီး သီးသန့် custom child theme ပြန်ရေးတာအကောင်းဆုံးဖြစ်တယ်လို့ ထင်မြင်ယူဆမိပါတယ်။
Buddypress Plug-ins
Member တွေရဲ့ Profile field တွေအတွက် (ဥပမာ- အမည်၊ မွေးသက္ကရာဇ်၊ မွေးရပ်၊ အလုပ်အကိုင်၊ ကျား/မ၊ လိပ်စာ..စသည်ဖြင့်) plug-in သုံးပြီး စိတ်ကြိုက်ထည့်သွင်းနိုင်ပါတယ်။ Album Plug-in ကိုသုံးပြီး Member တွေဟာ သူတို့ရဲ့ photo တွေကို share လုပ်နိုင်မှာဖြစ်ပါတယ်။ Google map plug-in ကိုသုံးပြီး မိမိတို့ရဲ့နေရပ်လိပ်စာတွေကို မြေပုံနဲ့တကွပြတာတွေ၊ Send Invite Plug-in ကိုသုံးပြီး သူငယ်ချင်းမိတ်ဆွေတွေကို ဖိတ်ခေါ်ပါဝင်စေနိုင်တာတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Plug-in တွေကိုတော့ Buddypress.org မှာ download ချယူနိုင်ပါတယ်။
Buddypress ကို ဘာတွေအတွက်သုံးနိုင်မလဲ?
- မိမိတက္ကသိုလ်၊ ကောလိပ်၊ ကျောင်းအတွက် လူမှုကွန်ယက်ဝက်ဘ်ဆိုက်တစ်ခုအဖြစ်လည်းကောင်း
- မိမိကုမ္မဏီအတွင်းရှိ ၀န်ထမ်းအချင်းအချင်း ဆက်သွယ်မှုပြုရာ ကွန်ယက်တစ်ခုအဖြစ်လည်းကောင်း
- မိမိ၏ စိတ်ဝင်စားရာအကြောင်းအချက်များအတွက် လူအများနှင့် ဆွေးနွေးဆက်သွယ်ရာ ကွန်ယက်တစ်ခု အဖြစ်လည်းကောင်း
- မိမိ၏ကုန်ပစ္စည်းတစ်ခုအတွက် လူအများနှင့် ဆက်သွယ်မှုပြုရာ ကွန်ယက်တစ်ခုအဖြစ်လည်းကောင်း Buddypress ကိုအသုံးပြုပြီး Website တွေကို တည်ဆောက်နိုင်ပါတယ်။
Buddypress Showcase
Buddypress ကို အသုံးပြုပြီး ဖန်တီးတည်ဆောက်ထားတဲ့ ၀က်ဘ်ဆိုက်တွေကို ကြည့်ရှုနိုင်ပါတယ်။
Buddypress Inspiration (Buddypress Gallery Website)
Buddypress Mobile
Buddypress Plug-in တစ်ခုဖြစ်တဲ့ Buddypress Mobile Plug-in ဟာ Social Network Website တစ်ခုကို iphone တွေ ipad တွေပေါ်မှာ iphone compatible theme တစ်ခုအနေနဲ့ ကြည့်ရှုလို့ရနိုင်မှာဖြစ်ပါတယ်။
အခမဲ့ရနိုင်သော WordPress နှင့် Buddypress ကိုသုံးပြီး မိမိတို့ကြိုက်နှစ်သက်ရာ community website တစ်ခုကို အလွယ်တကူတည်ဆောက်နိုင်တဲ့အတွက် Web developer တွေ Designer တွေအနေနဲ့ စမ်းသပ်လေ့လာ သုံးစွဲသင့်သည့်အကြောင်း အကျဉ်းမျှ တင်ပြလိုက်ရပါတယ်ခင်ဗျာ …။
အသိဥာဏ်ပညာဖြင့် အောင်မြင်သောဘ၀များကို လျှောက်လှမ်းနိုင်ကြပါစေ..
ဆောင်းချမ်းမိုး


ahsdjh2i93y: | Videojuegoblog | N-Europe | Webpage oficial del Compositor Descarga la ...
PyoPhone: ကျွန်မအတွက်တော့ laptop, guitar, coffee ထက် အရေးကြီးတဲ့သူ ရှိလို့ .. အဲ့ဒါတွေ မရှိလဲ ဖြစ်တယ် ...
asjdkajsl: "On Linux there's no stream" except steam
Britney spears desnuda: amwkhtpohdibonpf, Britney spears backgrounds, vpoKbQs.
LiverActive: wkvlhtpohdibonpf, LiverActive, HbMxnul.